middle ad

ကွမ်းပင်ဖြစ်ထွန်းအောင်မြင်ဖို့သိသင့်တဲ့ အခြေခံလိုအပ်ချက်များ



၁။#မြေခံအားကောင်းရမည်
ကွမ်းမစိုက်ခင်တခြားသီးနှံမစိုက်ပဲ ထယ်ရေးနက်နက်ထိုး သုံးလေးပြန်နေပူလှန်း
မွေနှောက် အနားပေးသင့်ပါတယ် 



လတ်တလောကွမ်း ခရမ်းချဉ်စတဲ့ မြေနေရာမျိုး 
ချက်ချင်းပြန်မစိုက်သင့်ပါ (မြေကြီးထဲ မှိုဘတ်တီးရီး
ယားအကျွင်းကျန်များရှိနိုင်ပါသည်)
မြစ်နှုံး (သို့)တခြားနေရာမှ မြေဆီလွှာကောင်းတဲ့
မြေသစ်တင်စိုက်ပိုကောင်းပါသည်
ခြံမတည်ခင်ညီညာအောင်မြေကို ပြုပြင်ပေးပါ
အနိမ့်မြင့် မရှိပါစေနှင့်
ခြပေါတဲ့အရပ်ဒေသတွေ မြေပြုပြင်စဉ်ဖျူပါရန်ထည့်
ပါ ဝါးခြစားရင် လေမိုးဒဏ်မခံနိုင်ပဲ ခြံပြိုပါမည် 
အပင်စိုက်ကျင်းထဲသို့ ဘတ်တီးရီးယားသတ်ဆေး
တမျိုးမျိုးထည့်ပါ ပိုတက်ဆီယမ် ဂျပ်ပဆင်လဲထည့်
နိုင်ပါသည်။

၂။#မျိုးရွေးချယ်မှု မှန်ကန်ရပါမည်
ရောဂါကင်းတဲ့ခြံမှ ကွမ်းမျိုးဖြစ်ရမည်
တနှစ်သားအတွင်း ခြံသစ်ကဆိုပိုကောင်းသည်
မီးစွတ် ဆီစွန်းမရှိစေရ တပင်ခြင်းတရုံခြင်း အတန်း
တိုင်းစီစစ်ရပါမည် ရောဂါရှိအပင်ကို ဖြတ်တောက်
ရှင်းထားခြင်း အပင်အစားထိုးစိုက်ထားခြင်း ရှိမရှိ
သိရပါမည် ကိုယ့်ခြံရောဂါအနည်းကျင်းရှိ မခိုးမခန့်
လုပ်ပြီး မတိုးချဲ့သင့်ပါ စိတ်မချရပါဘူး
ရောဂါရှိခြံကနေ ဈေးချိုလို့ အလကားရလို့သွား
မစိုက်ပါနဲ့ တခြားရင်းထားတာတွေပါ
ဆုံးရှုံးပါမည်။

၃။#ကွမ်းခြံတည်လျှင်ပစ္စည်းအသစ်များကိုသာအသုံးပြုပါ
ဝါး အကာ အမိုး အသစ်ပဲအသုံးပြုပါ
စိုက်ပျိုးရေးမိုးကာ အမိုးအတွက်လဲကောင်းပါသည်
ခြံဟောင်းက ဝါး အမိုးကာတွေက မှိုဘတ်တီးရီးယား
တွေကပ်ပါလာနိုင်လို့ပါ။

၎။#ကွမ်းခြံ သန့်ရှင်းပါစေ
ပေါင်းမြက် အမှိုက်သရိုက် မရှိအောင်ဂရုစိုက်ပါ
အပင်ငယ်စဉ် ပေါက်ရောက်မှုပိုများပါတယ် မနှုတ်
ပဲအထူချည်းပြစ်မထားပါနဲ့ ပေါင်းမြက်ကနေ စုပ်စားပိုး
တွေခိုအောင်းနိုင်သလို မှိုရောဂါများလဲဖြစ်ပွားနိုင်
ပါတယ် ကွမ်းပင်လသားရလင်းစီးသွားရင် ပေါင်းမြက်
မပေါက်နိုင်တော့ပါ ခြံသန့်ရှင်းပြီး လေဝင်လေထွက်
ကောင်းရပါမည်။

၅။#မလိုအပ်ပဲ အစာအဟာရမကျွေးပါနဲ့
အပင်ငယ်စဉ်ဖြစ်ချင်ဇောနဲ့ ကွန်ပေါင်းကျွေး
အားဆေးဖျန်းတာတွေမလုပ်ပါနဲ့ အဖြစ်မြန်တဲ့ကွမ်း
ကအရိုးပွပြီး ရောဂါဝင် အကျမြန်ပါတယ် ကွမ်းကနှစ်
ရှည်ပင်မျိုးနွယ် နှစ်သက်တမ်းရှည်မှ အကျိုးခံစားခွင့်
များပါမည်။

၆။#မြေသစ်ကျွေးပါ
ကွမ်းပင်၆လသားတခါ ၁နှစ်သားတခါ အခါအားလျော်
သလို အပင်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး မြေသစ်
ကျွေးပေးပါ (နှစ်ဝါးခြားတပင်) လေးငါးပြီ မြေသစ်ကျွေးပါ လောင်းပြီး ပေါ်နေတဲ့အမြစ် အောက်ခြေအဆစ်တွေကို လက်နဲ့လိုက်ပြုပြင်ဖုံး
ပေးပါ အပင်အဖြစ်များ ဆူနေပါပိုတက်ဆီယမ်ကျွေးပါ
အခါအားလျော်စွာ ဂျက်ပဆင် (Quality) ကောင့်း
တာအသုံးပြုပါ ထည့်ပါ အပင်နှစ်သက်တမ်းရ အဟာ
ရလိုပါမှမိမိနှစ်သက်ရာ 15 R စတဲ့ကွန်ပေါင်းမြေသြ
ဇာအသုံးပြုနိုင်ပါတယ်။

၇။#ရောဂါမကျရောက်အောင် ပြင်ဆင်ကာကွယ်ပါ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုပဲကြိုက်ပါတယ်ရေငန်မ
ကြိုက်ပါ ရေငတ်တာ အစိုဓာတ်များတာ မကြိုက်ပါဘူး
အထူးအဖြင့် အစိုဓာတ်များရင် ရောဂါဝင်ပါမည်
မိုးရာသီ အထူးဂရုစိုက်ရပါမယ် ရေနှုတ်မြောင်း
ကောင်းရပါမည် မိုးဘယ်လောက်ရွာရွာ အောင့်မနေပဲ
တန်းထွက်သွားရပါမည် ကွမ်းပင်ရဲ့ အရိပ်အနေထား 
အပူချိန်အနည်းများလဲ သိရပါမယ် 
မီးစွတ်ဆီစွန်း စဖြစ်လာလျှင်သတိထားပါ ကူးစက်မြန်
ပါတယ် တွေ့စရောဂါရအရွက်တွေခူးပြစ်ပါ ထိသေ ပင်လုံးပြန့် ဘတ်တီးရီးယားသတ်ဆေးဖျန်းပါ ဆေးပတ်နီးပြီး ဆေးအုပ်စုလွဲဖျန်းပါ အရွက်ရောဂါစ
ဖြစ်ပြီး မနိုင်မှအရိုးသွားဖြစ်ပါသည် ရိုးမဲဆစ်ပြုတ်
ပျောက်တဲ့ဆေးမပေါ်သေးပါ။

၈။#စုပ်စားပိုး 
နွေရာသီ တအားဆိုးပါသည် မိုးပိုင်းသိပ်မရှိပါ
ရေမော်တာနဲ့ထိုးဖျန်းလဲသက်သာပါတယ်
တမာပိုးသတ်ဆေး ဆေးရွက်ကြီးမှုန့်များလဲစိမ်ဖျန်း
နိုင်ပါတယ် ပိုးမွှားမနိုင်ပါကကွမ်းပင်ရဲ့အလုပ်လုပ်
နိုင်စွမ်းတွေလျော့ကျပါမည် အရွက်ဖားပြုတ်ကြော
ထပြီး ရောင်းတန်းမဝင်တော့ပါ မနိုင်တဲ့ခြံတွေ နှိမ်နှင်းရခက်တဲ့ပိုးများကိုလဲ နောက်ဆုံးပေါ်ဆေးအုပ်
စုအသစ်တွေထွက်နေပါတယ် ဆေးဆိုင်တွေမေး
စိုက်ပျိုးရေး ဝန်ထမ်းများနှင့်တိုင်ပါ ထိရောက်အောင်
ဖျန်းပါ ဆေးကို စနစ်တကျသတိနှင့်ကိုင်တွယ်ပါ
စည်းကမ်းလိုက်နာပါ။

ဓာတုဗေဒ မှို ဘတ်တီးရီးယားသတ်ဆေး ဘိုင်အို
ဇီဝ အော်ဂဲနစ် ဘာညာစတာတွေတော့ မိမိယုံကြည်
နှစ်သက်လက်ခံနိုင်တဲ့ ဆေးကို သုံးစွဲပါလို့ပြောလို
ပါတယ်

မြေကောင်း ကွမ်းမျိုးကောင်း လိုအပ်ချက်မရှိ ခြံတည်စိုက်ပြီးရုံနဲ့မရသေးပါ လိုအပ်တဲ့ပြုစုစောင့်
ရှောက်မှုတွေလဲပြုလုပ်ပေးရပါမယ်
ကွမ်းခြံ ဘာဖြစ်နေ ဘာလိုနေတယ်ဆိုတာ သိရှိပြီး
အနာနဲ့ဆေးကိုက်ဖို့အရေးကြီး လိုအပ်ပါတယ်

နိုင်ငံအဝှမ်းဒေသစုံကွမ်းစိုက်ကြပါတယ် ရာသီဥတု
မြေ ရေ မျိုး နည်းစနစ်တွေမတူညီကြပါ ကိုယ့်ဒေသနဲ့
ကိုက်ညီမဲ့နည်းစနစ်ကို အသုံးပြုပါ ကိုယ်ပိုင်အတွေး
လဲထည့်သုံးပါ များများလေ့လာပါလို့ အကြံပြုလို
ပါတယ်

စိုက်ပျိုးရေး ကျောင်းဆင်းမဟုတ်သလို ပညာရှင်လဲ
မဟုတ်ပါ လေ့လာသူရော ဘဝတူကွမ်းစိုက်တောင်
သူတွေကို ကိုယ်သိသလောက်တတ်သလောက်လေး
Share လိုက်လို့နည်းစနစ် အတွေးလေးတခု
အထောက်ကူရသွားရင်ကိုပဲ ကျေနပ်မိပါတယ်

ကွမ်းစိုက်တောင်သူများ အောင်မြင်ပျော်ရွှင်ကြပါစေ

စေတနာဖြင့်
Moe Zaw Hein
Similar Videos

0 comments: