middle ad

သင်္ဘောအထွက်ကောင်းအောင် ရောဂါတွေကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ


• သခွားမိုဇေ့ဗိုင်းရပ်စ် Cucumber mosaic virus ရောဂါကို တခါတရံသင်္ဘောပင်မှာ တွေ့ရနိုင်ပါတယ်။ အရွက်တွေမှာ စိမ်းပုပ်ရောင်၊ဝါဖျော့ရောင်၊အရောင်မညီကွက်ကြားတွေ့ရပြီး အရွက်တွန့်ရှုံ့နေပါမယ်။



• စက်ပျောက်ညှိုးဗိုင်းရပ်ရောဂါဆိုတာလည်း သင်္ဘောသီးမှည့်ချိန် အဝါရောင်မျက်နှာပြင်မှာ သေးငယ်တဲ့ အစိမ်းရောင် အဝိုင်းကွက်ကို တွေ့ရမှာဖြစ်ပြီး အသီးရဲ့အထွက်နဲ့ အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။

• သင်္ဘောရင်းစပေါ့ဗိုင်းရပ်စ် နဲ့ သင်္ဘောရွက်မိုဇိတ်ဗိုင်းရပ်ရောဂါဆိုတာလည်းကျရောက်နိုင်ပြီး အဝါရောင်အစက်အပျောက်တွေ၊ရွက်တွန့်တွေ သိသိသာသာထင်ထင်ရှားရှားမှတ်မိလွယ်ပါတယ်။ အဓိကရောဂါသယ်ဆောင်တာကတော့ စုပ်စားပိုးတွေဖြစ်တဲ့ ပျပိုးတွေဖြစ်ပါတယ်။

• ဒီဗိုင်းရပ်ရောဂါကို နှိမ်နင်းဖို့ ဆေးမရှိပါဘူး။ အဲဒီတော့တော့ စစိုက်ကတည်းက virus ရောဂါကို ခံနိုင်ရည်ရှိတဲ့မျိုး နိုးယူ (Know You) ကုမ္ပဏီကထုတ်တဲ့ ရက်လေဒီ (Red Lady) လိုမျိုးတွေကို စိုက်သင့်ပါတယ်။

• ပျိုးပင်ပွားတဲ့အခါ အမိုးတွေအောက်မှာ လုပ်သင့်ပါတယ်။

• သခွားပင်တွေမှာ ပျပိုးတွေ အလွယ်တကူ ကျနိုင်တဲ့အတွက် ကြားသီးနှံအနေနဲ့သခွားမစိုက်သင့်ပါ။

• ဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့နေတဲ့ အပင်တစ်ပင်တွေ့တာနဲ့ ချက်ချင်းနှုတ်ပစ်ပြီး မြေမြှုပ်ရပါမယ်။

• ရောဂါကျတဲ့အပင်ကို ကိုင်တွယ်ပြီးသွားရင် ကျန်းမာနေတဲ့အပင်ကို သွားမထိပါနဲ့၊ ခြေလက်တွေသန့်စင်ပြီးမှ ကျန်းမာတဲ့အပင်ကို ကိုင်တွယ်သင့်ပါတယ်။

• ရောဂါသယ်ဆောင်တဲ့ ပျပိုးတွေမလာနိုင်အောင်ဆေးဓာတုပိုးသတ်ဆေးတွေဖျန်းပေးပါ။

• ဗိုင်းရပ်စ်တွေ ပျံ့နှံ့တဲ့စိုက်ခင်းဖြစ်သွားရင် သင်္ဘောပင်တွေကို တစ်နှစ်ခံပင်အဖြစ်သာထားသင့်ပါတယ်။ သီးနှံ တစ်ရာသီစာ ခူးဆွတ်ပြီး ရင် နောက်ထပ်အစားထိုးတာ လုပ်ပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပါတယ်။

သင်္ဘောမှည့်ပျောက်စွန်းရောဂါ
------------------------------------

• ရင့်မာပြီးတဲ့ သင်္ဘောတွေမှာ မှိုရောဂါတွေဝင်ရောက်ရင် မှည့်ပျောက်စွန်းရောဂါတွေဖြစ်စေပြီး အသီးပုပ်စေပါတယ်။ အမဲစက် (သို့) အညိုဖျော့ရောင် ရေစိုနာအစက်ဝိုင်းဟာ အသီးမျက်နှာပြင်တစ်ခုလုံးမှာ ဖြစ်လာပြီးအသီးပုပ်စေပါတယ်။ ရေစိုနာရဲ့အလယ်မှာ လိမ္မော်ရောင်ခပ်ဖျော့ဖျော့ မှိုစပိုးတွေထုတ်လေ့ရှိပါတယ်။

• စီးပွားဖြစ်သင်္ဘောစိုက်တဲ့အခါမှာ ရည်မှန်းချက်က အရည်အသွေးကောင်းတဲ့ အသီးထုတ်လုပ်ဖို့ဖြစ်တဲ့အတွက် အစကတည်းက နိုက်ထရိုဂျင်လိုမြေသြဇာကို အလွန်အကျွံအသုံးပြုခြင်း စတဲ့အပင်ထိန်းသိမ်းမှုညံ့ဖျင်းမှုကြောင့်လည်းကောင်း၊ အသီးခူးဆွတ်ခြင်း ကာလရောက်ခါနီး ကြိုတင်ပြီးမှိုရောဂါကို ကာကွယ်မ ထားခြင်းကြောင့်လည်း ကောင်း၊အသီးထုတ်ချိန်မှာ ဥယျာဉ်ခြံ စိုထိုင်း ဆမြင့်မားချိန်ဖြစ်နေရင်သော်လည်ကောင်း၊ သိုလှောင်ချိန်အ ရမ်းကြာသွားရင်သော် လည်းကောင်း မှည့်ပျောက်စွန်းရောဂါဝင်သွားရင် ကြီးမားတဲ့ဆုံးရှုံးမှုတွေ ရှိစေနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့တော့လိုပါတယ်။

• မိမိတို့ဆီမှာ စိုက်နေတဲ့ ဟာဝိုင်ယီမျိုးတွေဟာ သင်္ဘောမှည့်မှာကျတတ်တဲ့ Colletotrichum gloeosporiodes မှိုရောဂါဟာ အရမ်းအရေးကြီးတဲ့အတွက် သင်္ဘောသီးမခူးဆွတ်ခင် ကာကွယ်တဲ့အနေနဲ့ (၈၀)% မန်ကိုဇက် (Mancozeb) ( Dithane M -45) ကို (၁၀)ရက်ခြားတစ်ကြိမ် ကြိုပြီးတော့ ပက်ဖျန်းပေးကြပါတယ်။

• တချို့နိုင်ငံခြားဈေးကွက်တင်ပို့တဲ့အခါမှာ အသီးကို (၀.၀၅)% သိုင်ရာဘင်ဒါဇိုးလ် (thiabendazole) ဖျော်ရည်ပက်ဖျန်းပေးကြတာတွေလည်းရှိပါတယ်။

• ဒီနေရာမှာ ပို့ကုန်လုပ်ငန်းအတွက် သင်္ဘောသီးကို စိုက်ကွင်းတွေမှာ ကြိုတင်ဆေးဖျန်းတာဖြစ်စေ၊ ထုတ်ပိုးရုံမှာ ဓာတုပစ္စည်းသုံးပြီး အသီးမှိုရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရာမှာ သွင်းကုန်ပို့ကုန်ဥပဒေဆိုတာရှိတဲ့အတွက် ဂရုစိုက်ဖို့လိုမှာဖြစ်ပါတယ်။

• ပို့ကုန်သမားတွေအတွက် နောက်ထပ်လုပ်နိုင်တာတစ်ခုကတော့ ခူးဆွတ်ပြီး သင်္ဘောသီးတွေကို လည်ပတ်တဲ့စနစ်နဲ့ (၄၉)ဒီဂရီစင်တီဂရိတ်အမြဲတမ်းနွေးနေတဲ့ ရေထဲကို မိနစ်(၂၀)ကြာစိမ်ပေးပြီး ရေအေးထဲကို မိနစ်(၂၀)ကြာ နှစ်စိမ်ထားပေးပါ။ ပြီးရင်အသီးကိုခြောက်အောင်ထားပြီး ထုပ်ပိုးကာ နိုင်ငံခြားကို တင်ပို့တဲ့နည်းလမ်းဖြစ်ပါတယ်။

Source ; မင်းဝင်းထိန် (B.Ag) စီးပွားဖြစ်သင်္ဘောစိုက်ပျိုးရေး
Similar Videos

0 comments: